It's a Small World


Movie Cover, The Giant Mechanical Man
ဘ၀မှာ ဘာလုပ်လို့ လုပ်ရမှန်း မသိပဲ လမ်းပျောက်နေတဲ့ လူတွေ အများကြီးပါ။ တချို့က ဟန်ဆောင်ပြီး ခပ်တည်တည်နေတတ်တယ်။ တချို့လည်း ဖြစ်ရာဘ၀မှာပဲ ရေစုန်မျောလိုက်ကြတယ်။ ဒီလိုပဲ သူနဲ့ အဆင်ပြေမယ့် ဘ၀ကို ရှာဖွေနေတဲ့ လူတွေလည်း ရှိတတ်ပါတယ်။

ယဉ်ကျေးတယ်လို့ လူတွေ ပြောပြောနေကြတဲ့ လူ့အဖွဲ့အစည်းရဲ့ ပညတ်ချက်တွေ၊ သတ်မှတ်ချက်တွေက တခါတခါ ယဉ်ကျေးမှု ကင်းမဲ့စွာပဲ အဲလိုလူတွေကို ကူညီမယ့်အစား ပိုထိုးနှက်တတ်ပါတယ်။

အဲဒီလူ့ဘောင်ထဲ မ၀င်တဲ့ လူသားနှစ်ဦး. . .။

အလုပ်တာဝန် ကျေပွန်ပေမယ့် လူသားမဆန်လို့ အလုပ်ထုတ်ခံလိုက်ရတဲ့ ဂျဲလ်နစ် ခေါ် သက်လတ် အရွယ် အမျိုးသမီး။

giant_mechanical_man-2သူဝါသနာပါရာ ဧရာမ မက္ကင်းနစ် (စက်ပြင်ဆရာ) လို ၀တ်ပြီး စက်ရုပ်တစ်ကောင်လို လမ်းပေါ်မှာ သရုပ်ပြလုပ်ရင်း လူတွေရဲ့ မွန်းကြပ်တဲ့ ဘ၀မှာ ထွက်ပေါက်ရဖို့ ခဏတာ ကူညီချင်တဲ့ တင်မ်။

ငွေကြေး၊ ဂုဏ်ဒြပ်ကို တန်ဖိုးထားတဲ့ အသိုင်းအ၀ိုင်းကြား လူ့လောကနဲ့ အံမ၀င်တဲ့ သူတို့နှစ်ဦး ၀မ်းစာအတွက် အလုပ်ရှာရင်း တိရစ္ဆာန်ရုံတစ်ခုထဲ အတူတူ အလုပ်လုပ်ရင်း တွေ့ကြတဲ့အခါ. . .။

ဂျဲလ်နစ် လမ်းပျောက်နေတဲ့ အခါတိုင်း ငေးကြည့်တတ်တဲ့ မက္ကင်းနစ် စက်ရုပ်ဟာ သူ့ရဲ့ လုပ်ဖော်ကိုင်ဖက် တင်မ်မှန်း သူသိတဲ့အချိန်. . .။

တိုးတက်နေတဲ့၊ အပြိုင်အဆိုင်များတဲ့ လောကထဲ စက်ရုပ်လို လှုပ်ရှားနေတဲ့ လူသားတွေ အတွက် ဘ၀ဟာ ရူးသွပ်ခြင်း မဟုတ်ပါဘူးလို့ ဆိုထားတဲ့ The Giant Mechanical Man ကို ကြည့်ရင်း အဖြေရှာနိုင်ပါတယ်။

အချစ်ဇာတ်နည်းနည်း စွက်တဲ့ ဒီဟာသကားကို Jenna Fisher နဲ့ Topher Grace တို့ ပါဝင်သရုပ်ဆောင်ထားပါတယ်။

 

View original post

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s